分类: 缅甸华人
-
缅甸昂山素季的审判进入最后阶段
一名法律消息人士周二表示,军政府法庭将于下周听取对缅甸昂山素季长达 18 个月的审判的最后辩论。
军政府法庭已裁定她迄今已审理的 14 项指控中的每一项罪名成立,包括贪污、非法拥有对讲机和藐视新冠疫情限制,并判处她 26 年监禁。
自政变以来,昂山素季基本上从人们的视线中消失了,只能在光秃秃的法庭上看到颗粒状的官方媒体照片。
该国陷入动荡,一些老牌民族叛乱组织在边境地区与军队重新交战,经济一落千丈。
分析人士说,数十名避开昂山素季严格的非暴力政策的“人民国防军”也如雨后春笋般涌现,与军政府作战,其效力令军方感到惊讶。
几乎每天都有低级军政府官员或反政变战士被杀,细节不明,报复行动往往紧随其后。 -
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေရဲ့ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးဖို့လိုတယ်လို့ အမေရိကန်အစိုးရရဲ့ငြိမ်းချမ်းရေးအင်စတီကျုက အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အခုအချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ အင်အားချိနဲ့လာနေပြီး တော်လှန်ရေးအင်အားစုတွေ ပိုအားကောင်းလာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေး ပြန်လည်ထူထောင်နိုင်ဖို့ အရေးတကြီး လိုအပ်လာတဲ့အကြောင်း ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေအနေနဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူဆောင်ရွက်မယ့် လုံခြုံရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ လိုအပ်နေတဲ့အကြောင်း အစီရင်ခံစာမှာ သုံးသပ်ဖော်ပြထားပါတယ်။
“အခုအချိန်မှာ ဒီဒေသခံလုံခြုံရေးအဖွဲ့တွေပေါ်လာတာ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရဲတပ်ဖွဲ့မျိုး ဖြစ်လာအောင် ပြောင်းလဲဖို့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်။”
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော်လှန်ရေးအဖွဲ့တွေ တည်ထောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ မပြီးဆုံးသေးတဲ့ တော်လှန်ရေး ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိရုံတင်မကဘဲ အနာဂတ်မှာဖြစ်လာမယ့် ဒီမိုကရေစီအစိုးရရဲ့ ရှေ့ပြေးနိမိတ်လည်း ဖြစ်လိမ့်လာမှာ ဖြစ်တဲ့အတွက် အတိတ်က ရဲတပ်ဖွဲ့ရဲ့အမှားတွေကို ရှောင်ရှားနိုင်ဖို့ လိုတဲ့အကြောင်းလို့ ဒီအစီရင်ခံစာကို ပူးတွဲရေးသားသူ USIP သုတေသီ Gabriela Sagun က RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ အခြေအနေပိုဆိုးလာတာနဲ့အမျှ ဒေသခံလုံခြုံရေးအဖွဲ့တွေတည်ထောင်ပြီး၊ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ပုံစံ ဖြစ်လာနေတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း အတိတ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ရက်စက်ကြမ်းကြုတ်ပြီး ပြည်သူတွေအပေါ် မတရားပြုမူခဲ့တဲ့အစဉ်အလာရှိနေခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေအကြားမှာ လုံခြုံရေးတပ်ဖွဲ့တွေကို မယုံကြည်မှုတွေ နက်နက်ရှိုင်းရှိုင်းရှိနေပါတယ်။ အခုအချိန်မှာ ဒီဒေသခံလုံခြုံရေးအဖွဲ့တွေပေါ်လာတာ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရဲတပ်ဖွဲ့မျိုး ဖြစ်လာအောင် ပြောင်းလဲဖို့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာရဲတပ်ဖွဲ့ရဲ့လုပ်ရပ်တွေရဲ့သားကောင်ဖြစ်ရလေ့ရှိတဲ့ အမျိုးသမီးတွေအတွက် အချိန်ကောင်းဖြစ်ပါတယ်။ အခုလို လုံခြုံရေးအဖွဲ့တွေ၊ ဒေသခံရဲတပ်ဖွဲ့တွေ တည်ထောင်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို ဦးစားပေး မြှင့်တင်သွားဖို့ လိုပါတယ်”