Overseas Chinese History Museum

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် တစ်နေ့လျှင် လိုင်းကြေး ၄ သိန်းနှုန်းဖြင့် လောင်းကစားမျိုးစုံကို စစ်တပ်နှင့်ရဲက ခွင့်ပြုပေးထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ယမန်နှစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြစ်ပွားချိန်မှစတင်ပြီး ပျော်ဘွယ်မြို့တွင် နိုင်ငံရေးလှုပ်ရှားမှုများ မဖြစ်လာစေရန်အတွက် လောင်းကစား ၀ိုင်းများကို စစ်တပ်နှင့်ရဲများက ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပျော်ဘွယ်မြို့အထွက်တောင်ကြီးသွားတဲ့ကားလမ်းဘေး ပေါ်အင်းတောရကျောင်းမြောက်ဘက်ပေ ၆၀ ဝန်းကျင်မှာဂျင်ဝိုင်း၊ ကြက်၀ိုင်း၊ လောင်းကစားပေါင်းစုံ ခွင့်ပြုပေးထားတယ်။ လောင်းကစား၀ိုင်းလုပ်ခွင့်ရတာ ၁ နှစ်ကျော်လောက်တော့ရှိပြီ။ စစ်တပ်နဲ့ ရဲကိုလိုင်းကြေး ၁ ရက်ကို ၄သိန်းပေးရတယ်။ အနယ်နယ်အရပ်ရပ်က ကားတွေနဲ့ လာ လောင်းကစားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပျော်ဘွယ်မြို့နယ်သည် ကြံ့ဖွတ်အများစုရှိသော မြို့ဖြစ်ပြီး လက်ရှိ ကြံ့ဖွတ် အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးသောင်းအေး၏ မဲဆန္ဒနယ်မြေလည်းဖြစ်သည်။
ပျော်ဘွယ်တွင် လောင်းကစား၀ိုင်းများ တရားဝင်ခွင့်ပြုနေခြင်းကြောင့် ခိုးဆိုးလုယက်မှုများ အများအပြား ဖြစ်ပွားနေပြီး မြို့ပေါ်နှင့်ကျေးရွာများတွင် ပြည်သူများဘ၀ မလုံခြုံတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注