Overseas Chinese History Museum

အမေကျော်ဒွေးတော်လွမ်းပြီး ထင်ရာဆိုင်းနေတဲ့ စစ်ခေါင်းဆောင်ကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံက အာဆီယံ ထပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။ လာမယ့် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားတာ မရှိဘူးလို့ ကမ္ဘောဒီးယားအခြေစိုက် The Phnom Penh Post သတင်းဌာနက ဖော်ပြထားတာပါ။ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Chum Sunry ရဲ့ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားတာလို့ သိရပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၈ ရက်ကနေ ၁၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုလိုဆုံးဖြတ်ခဲ့တာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုမရှိတဲ့အပြင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကိုပါ စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက် ခဲ့တဲ့အပေါ် အာဆီယံအသိုင်းအဝိုင်းက စိတ်ပျက်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာဆီယံ ထပ်သီး အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ဖို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေသာမက အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံ ဆွေးနွေးဘက်နိုင်ငံတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတချို့ကိုပါ ဖိတ်ကြားပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ နိုင်ငံရေးမဟုတ်တဲ့ ကိုယ်စားလှယ်ကို သာစေလွှတ်ဖို့ အကြံပြုထားတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဌာနက ပြောရေးဆိုခွင့်ရှိသူ Chum Sunry ကပြောထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ ဒေသတွင်း အစည်းအဝေးတွေကို တက်ရောက်ခွင့်မရတာဟာ အခုတစ်ကြိမ်နဲ့ ဆိုရင် (၃)ကြိမ်မြောက်ရှိပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဇူလိုင်လကုန်မှာကျင်းပခဲ့တဲ့ (၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွေကိုလည်း စစ်ကောင်စီအနေနဲ့ တက်ရောက်ခွင့် မရခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့တဲ့ မြန်မာ့အရေး အရေးပေါ် အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်း ဆောင်ကိုယ်တိုင်တက်ရောက်ပြီး သဘောတူခဲ့တဲ့ အာဆီယံ မူ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက် နေတာကြောင့် အခုလိုချန်လှပ်ထားခဲ့တာလည်းဖြစ်ပါတယ်။ “ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ပြည်တွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့ များကြား တွေ့ဆုံဆွေးနွေး အဖြေရှာရန်၊ မြန်မာနိုင်ငံကို အာဆီယံက လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန်၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းရေးအတွက် အာဆီယံ အထူးကိုယ်စား လှယ် ခန့်အပ်ရန်၊ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာပြည်လာပြီး သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရန်” ဆိုတဲ့ အာဆီယံ မူ ၅ ချက်ထဲမှာ အကောင်အထည်ဖော်နိုင်တာဆိုလို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်တာနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးတာ လောက်ပဲရှိခဲ့တာပါ။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注