Overseas Chinese History Museum

ပုလဲ၊ ကနီ၊ မြိုင်၊ သပိတ်ကျင်း၊ ဝမ်းတွင်းနှင့် စစ်ကိုင်း-ရွှေဘိုလမ်းတွင် စစ်ယာဉ်တန်းနှင့်စစ်ကြောင်းများ မိုင်းဆွဲခံရခြင်း နှင့်တိုက်ခိုက်ခံရခြင်းကြောင့် စစ်အရာရှိ အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၇

ပုလဲ၊ ကနီ၊ မြိုင်၊ သပိတ်ကျင်း၊ ဝမ်းတွင်းနှင့် စစ်ကိုင်း-ရွှေဘိုလမ်းတွင် စစ်ယာဉ်တန်းနှင့်စစ်ကားများ မိုင်းဆွဲခံရခြင်း နှင့်တိုက်ခိုက်ခံရခြင်းကြောင့် စစ်အရာရှိ အပါအဝင် စစ်သား ၂၀ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ပုလဲမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

အောက်တိုဘာ ၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပုလဲမြို့တွင်းတွင် ကင်းပတ်နေသော အင်အား ၁၈ ဦးပါ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့တိုက်ခိုက်မူနာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးအထက် သေဆုံးပြိး အများအပြားဒဏ်ရာရရှိကြောင်း၊ PDF များဘက်မှ ရဲဘော်တစ်ဦး လက်နက်ကြီးအစ ထိမှန်ကြောင်း ၊ တိုက်ခိုက်မှုကို Southern YSO PDF နှင့် ယင်းမာပင်ခရိုင် ပုလဲ တပ်ရင်းအမှတ် (၁၀)ဒေါင်းနက် အဖွဲ့တို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကနီတွင် စစ်ရေယာဉ်များကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ကနီမြို့မှ မြစ်ကြောင်းအတွင်း ဆန်တက်လာသော စစ်ကောင်စီ၏ ဖလက်ရေယာဥ် ၁၂ စီးနှင့် စစ်ရေယာဥ် ၁ စီး စုစုပေါင်း ၁၃ စီး ကို MPDF(DEMO)တပ်ခွဲ ၊ မဟူရာကျားရိုင်းတပ်ဖွဲ့ နှင့် ဒေသခံပကဖများ ပူးပေါင်း၍ လက်နက်ကြီး/လက် နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ကျဆုံးဦးရေ မသိရသေးကြောင်း၊ စစ်တပ်ဘက်မှ ရေယာဥ်၂စီး အင်ဂျင်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ် ပြန်သည်။

KLG PDF(ကျောက်လုံးကြီး)၏ ထုတ်ပြန်ချက်တွင်မူ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှ ကင်းလှည့်ပျူစောထီးများကို မိုင်းဆွဲမှု ပျူ ၂ ဦးသေဆုံး

အောက်တိုဘာလ ၃ ရက်နေ့ မကွေးတိုင်း၊မြိုင်နယ်၊ကန်နီပျူစောထီးကျေးရွာမှ ကင်းပတ်ထွက်လာသော ပျူစောထီး ၁၀ ဦးခန့်ကို ကန်နီ(ပျူ)ရွာနှင့်မကျည်းလေးပင်ရွာ အစပ်တွင် Myaing Villages Revolution Front – ( MVRF ) ရဲဘော်များကရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးကြောင်း ၊ ဒဏ်ရာရပျူစောထီးများလည်းရှိကြောင်း MVRF က သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းတွင် ဆက်ကြေးကောက်သည့် စစ်အရာရှိကားနှင့်လိုက်ထရပ်ကားကို မိုင်းဆွဲမှု စစ်သား ၅ ဦးသေဆုံး

အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် သပိတ်ကျင်းမြို့ နယ်၊ မန္တလေး-မိုးမိတ်လမ်းကြော ကျောက် ဖြူကျေးရွာနှင့်ဗနွဲကျေးရွာအကြား တောင်လယ်ကျေးရွာသို့ ရွှေတွင်းဆက်ကြေးလာရောက်ကောက်ခံလာလေ့ရှိသော စစ်အရာရှိကားသေးတစ်စီးနှင့် လိုက်ထရပ်ကားတစ်စီးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က ပဒေသာ မိုင်း(၅)လုံးဖြင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ လိုက်ထရက်ကားပေါ်ပါ စစ်သား ၅ ဦးသေဆုံးမှုရှိနိုင်ကြောင်း၊ စစ်အရာရှိကားပေါ်ပါစစ်သားများလည်းထိခိုက်မှုများနိုင်ကြောင်း သိရှိရသည်။

ဝမ်းတွင်းတွင် မိုင်းဆွဲခံရပြီး ရဲ ၂ ဦးသေဆုံး

အောက်တိုဘာလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ရုံးပင်ကုန်းကျေးရွာအနောက်ဘက်တွင် ဆိုင်ကယ်များဖြင့်ကင်းလှည့်နေသော ရဲတပ်ဖွဲ့ကို WTRF (Wundwin Township Revolution Force)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးကြောင်း WTRF က ပြော သည်။

စစ်ကိုင်း-ရွှေဘိုလမ်းတွင် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်မှု အနည်းဆုံး စစ်အရာရှိတစ်ဦး သေဆုံး

အောက်တိုဘာလ ၆ ရက်နေ့ ည ၁၂ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်း-ရွှေဘိုလမ်း၊ အုန်းတောနှင့်ဆားတောင် အကြား စစ်သားများလိုက်ပါလာသော စစ်ကား ၂ စီးအနက်မှ ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းထိမှန်ခဲ့သော နောက်ကားတွင်ပါရှိသော စစ်သားများ ပြန်လည်တိုက်ခိုက်ခြင်းမပြုနိုင်ဘဲ ရှေ့ကားမှ စစ်သားများက သေနတ်ဖြင့် အချက်ပေါင်း ၁၀၀ နီးပါး ပြန်လည် ပစ်ခတ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကားမှ အရာရှိ ၁ ဦးနှင့် စစ်သား အများအပြား သေဆုံးနိုင်ကြောင်း ၊ ဒဏ်ရာရသူလည်းများပြားနိုင်ကြောင်း၊ တိုက်ခိုက်မှုကို နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့နှင့် စစ်ကိုင်းခရိုင် တပ်ရင်း-၂ ၊ တပ်ခွဲ-၄ ၊ တပ်စိပ် -၂ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယခုနှစ်အတွင်း မိုင်းမိ၍ ပျက်စီးနေသော စစ်ကားတစ်စီး။