Overseas Chinese History Museum

ရခိုင်စစ်ပြေးဒုက္ခသည်တွေထဲမှာ ခြောက်လအောက်ကလေးငယ် နှစ်ထောင်ကျော် ပါနေ
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၈၂ဝဝဝ ကျော် ရှိလာနေပြီလို့ ရက္ခိုင့်တပ်တော် (AA) က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီထဲမှာ ခြောက်လအောက်နဲ့ မွေးကင်းစကလေး ၂၁ဝဝ ကျော်ပါဝင်ပြီး ဒုက္ခသည်စခန်းပေါင်း ၁၅ဝ ကျော်မှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လတည်းမှာတင် စစ်ဘေးဒုက္ခသည် ၆၁ဝဝ ကျော်တိုးလာတယ်လို့လည်း ဆိုပါတယ်။
ကျောင်းသားတစ်သောင်းကျော်လည်း ဒုက္ခသည်စခန်းတွေမှာ ပညာသင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
ပြီးခဲ့တဲ့နှစ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတွေ ထွက်ပြေးရတာ ဖြစ်ပါတယ်။
စစ်ဘေးဒုက္ခသည်တွေ တိုးလာနေပေမယ့် သူတို့ကို ကူညီပေးမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေကို အာဏာသိမ်း စစ်ကောင်စီဘက်က ပိတ်ပင်နေတာကြောင့် ဒုက္ခသည်တွေ အခက်အခဲဖြစ်နေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းအား ၂ဝ၂၂ ခုနှစ် မတ်လက တွေ့ရစဉ်။

评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注