Overseas Chinese History Museum

ျမန္မာႏိုင္ငံ လက္နက္ကိုင္ပဋိပကၡေတြရဲ႕ စိန္ေခၚမႈ ကၽြမ္းက်င္သူေတြေဆြးေႏြး

အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ ဆန္႔က်င္ ေတာ္လွန္မႈေတြ ႏိုင္ငံတ၀ွမ္း အရွိန္ေကာင္းေနခ်ိန္မွာဘဲ ေရရွည္မွာေတာ့ စစ္ေကာင္စီ အတြက္ေရာ၊ တဖက္က NUG အပါအ၀င္ ေတာ္လွန္ေရးအဖြဲ႔ေတြ အတြက္ပါ စိန္ေခၚအကဲစမ္းမႈေတြ ရွိတယ္လို႔ ကြ်မ္းက်င္သူေတြက ေထာက္ျပၾကပါတယ္။ မသိဂၤ ီထိုက္ ေကာက္ႏုတ္တင္ျပေပးပါမယ္။  

ျမန္မာႏိုင္ငံ လက္နက္ကိုင္ပဋိပကၡေတြရဲ႕ စိန္ေခၚမႈ ကၽြမ္းက်င္သူေတြေဆြးေႏြး

{{Zawgyi/Unicode}}
အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ ဆန္႔က်င္ ေတာ္လွန္မႈေတြ ႏိုင္ငံတ၀ွမ္း အရွိန္ေကာင္းေနခ်ိန္မွာဘဲ ေရရွည္မွာေတာ့ စစ္ေကာင္စီ အတြက္ေရာ၊ တဖက္က NUG အပါအ၀င္ ေတာ္လွန္ေရးအဖြဲ႔ေတြ အတြက္ပါ စိန္ေခၚအကဲစမ္းမႈေတြ ရွိတယ္လို႔ ကြ်မ္းက်င္သူေတြက ေထာက္ျပၾကပါတယ္။ စစ္အာဏာသိမ္းမႈအလြန္ ျပည္တြင္းစစ္အတြင္း တိုက္ပြဲေတြ အေျခအေနနဲ႔ ပတ္သက္ၿပီး အေမရိကန္ အေျခစိုက္ Stimson စင္တာက အြန္လိုင္း ေဆြးေႏြးပြဲအတြင္း အခုလို ေထာက္ျပခဲ႔ၾကတာပါ။ မသိဂၤ ီထိုက္ ေကာက္ႏုတ္တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း ျဖစ္လာတဲ႔ ႏိုင္ငံတ၀ွမ္း တိုက္ပြဲေတြ အေျခအေနကို ေဆြးေႏြးခဲ႔ၾကတဲ႔ Stimson စင္တာ ေဆြးေႏြးပြဲမွာေတာ့ ဝါရွင္တန္ဒီစီ အေျခစိုက္ အမ်ိဳးသား ကာကြယ္ေရးတကၠသိုလ္ National War College ရဲ႕ ပါေမာကၡ Zach Abuza နဲ႔ Zurich တကၠသိုလ္က အႀကီးတန္း နည္းျပနဲ႔ သုေတသနမွဴး Shona Loong တို႔ ဦးေဆာင္ ေဆြးေႏြးခဲ႔ၾကတာပါ။

ဦးေဆာင္ ေဆြးေႏြးသူ ေဒါက္တာ Shona Loong ကေတာ့ သူ႔အေနနဲ႔ Zurich တကၠသိုလ္ နည္းျပတဦး အေနနဲ႔ ကိုယ္စားျပဳ ေဆြးေႏြးတာ မဟုတ္ဘဲ ျမန္မာ့ ပဋိပကၡဆိုင္ရာ ေျမပံု ထုတ္လုပ္မႈမွာ သုေတသန ပါ၀င္သူ အေနနဲ႔ ေဆြးေႏြးေၾကာင္း ေျပာပါတယ္။ ပါေမာကၡ Zach Abuza ကေတာ့ သူ႔အေနနဲ႔ အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာန ဒါမွမဟုတ္လည္း National War College ကို ကိုယ္စားျပဳ ေဆြးေႏြးတာ မဟုတ္ေၾကာင္း ေျပာပါတယ္။

သူဟာ ျမန္မာ့ အေရး ကြ်မ္းက်င္သူ မဟုတ္ေပမယ့္လည္း အေရွ႕ေတာင္ အာရွ ေဒသတြင္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၊ ပုန္ကန္ေတာ္လွန္မႈ ဆိုင္ရာ ရန္ပံုေငြေထာက္ပံ႔မႈနဲ႔ ေထာက္ပံ႔ပို႔ေဆာင္ေရး၊ ႏိုင္ငံေရးအရ လက္နက္ကိုင္ ပုန္ကန္မႈေတြကို ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ေလ႔လာေနသူ ျဖစ္ေၾကာင္း ေျပာပါတယ္။

လြတ္လပ္ေရးရၿပီးေနာက္ပိုင္း တိုက္ပြဲေတြ မၾကံဳဖူးတဲ႔ ႏိုင္ငံအလယ္ပိုင္းမွာ ဗုဒၶဘာသာ၀င္ ဗမာေတြ အမ်ားစုျဖစ္ၿပီး ဗုဒၶဘာသာ ျမန္မာႏိုင္ငံေတာ္ အျဖစ္ ထိန္းသိမ္းမယ္ဆိုတဲ႔ စစ္တပ္က ေျပာဆိုေနတဲ႔ အထဲမွာ ဒီ ေက်းလက္ေန ဗုဒၶဘာသာ၀င္ ဗမာ လူထုဟာ သိပ္ၿပီး အခရာ က်ေပမဲ႔လည္း အခုေတာ့ စစ္တပ္နဲ႔ တိုက္ခိုက္ေနတဲ႔ အေၾကာင္း IISS ႏိုင္ငံတကာ မဟာဗ်ဴဟာ ေလ႔လာေရးဌာနရဲ႕ ႏိုင္ငံတကာ ျမန္မာ႔ပဋိပကၡ ေျမပံု ထုတ္လုပ္ေရး သုေတသန အဖြဲ႔၀င္ ေဒါက္တာ Shona Loong က ေျပာပါတယ္။

ဒီပဋိပကၡမွာ စစ္ေကာင္စီ သံုးေနတဲ႔ စစ္နည္းဗ်ဴဟာ တခုကေတာ့ သူပုန္ေတြ ခိုေအာင္းေနတယ္လို႔ ထင္တဲ႔ ေနရာေတြကို အကြက္ခ် မီးရိႈႈ႕မႈဘဲ ျဖစ္ပါတယ္။ စစ္ေကာင္စီက လက္နက္နဲ႔ ေငြေၾကး ေထာက္ပံ႔တဲ႔ ပ်ဴေစာထီး ျပည္သူ႔စစ္ေတြက စစ္ေကာင္စီရဲ႕ တိုက္ခိုက္မႈေတြကို အားျဖည့္ေပးေနတယ္လို႔လည္း ေဒါက္တာ Shona Loong က ေျပာပါတယ္။

ျမန္မာ တႏိုင္ငံလံုးမွာ စစ္ေကာင္စီက တိုက္ခိုက္ေနရပါတယ္။ ဒီကိစၥေၾကာင့္ေရာ ေနာက္ လက္ရွိမွာ ၾကံဳေတြ႕ေနရတဲ႔ လက္နက္ခ်မႈ၊ က်ဆံုးမႈနဲ႔ လူသစ္ စုေဆာင္းဖို႔ အခက္အခဲေတြေၾကာင့္ သူ႔ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို အစြမ္းကုန္ ႀကိဳးစားေနရပါတယ္။

စစ္ေကာင္စီ ေျခလ်င္တပ္ေတြဟာ အင္အား ထက္၀က္ေလာက္နဲ႔ လႈပ္ရွားေနပံုရေၾကာင္းနဲ႔ ေျခကုန္လက္ပန္းက်ေနၿပီလို႔ ပါေမာကၡ Zach Abuza က သံုးသပ္ပါတယ္။

ဘယ္စစ္တပ္ မဆို ၃ လ၊ ၄ လ ဆက္တိုက္ မရပ္မနား စစ္ဆင္ေရးဟာဆိုရင္ တိုက္ခိုက္ေရး စြမ္းရည္ကို ပ်က္စီးေစပါလိမ့္မယ္။ ဒါ႔အျပင္ စစ္ေကာင္စီဘက္က စစ္သားသစ္ေတြအတြက္ ခံစားခြင့္တိုးျမႇင့္လာတာကို ေတြ႕ရေၾကာင္းလည္း သူက ေထာက္ျပပါတယ္။ စစ္ေကာင္စီတပ္ဖြဲ႔၀င္ေတြ တဦးခ်င္း တေယာက္ခ်င္း လက္နက္ခ်တာမ်ိဳးကို ေတြ႕ရေပမယ့္လည္း တပ္ဖြဲ႔ တခုလံုး လက္နက္ခ်တာမ်ိဳး အခုအခ်ိန္ထိ မေတြ႕ရေသးတာကိုလည္း ေဒါက္တာ Zach Abuza က ေထာက္ျပပါတယ္။ တပ္ဖြဲ႔လိုက္ လက္နက္ခ်ေရးဆိုတဲ႔ အခ်က္မွာလည္း စစ္သားေတြရဲ႕ ပိုင္ဆိုင္မႈ အားလံုးက စစ္တပ္လုပ္ငန္းေတြ ဒါမွမဟုတ္လည္း စစ္တပ္ပိုင္ ဘဏ္ေတြမွာ ရွိေနတဲ႔ အခ်က္၊ ေနာက္ Mytel ဖုန္းကိုသာ သံုးရတာေၾကာင့္ သူတို႔ရဲ႕ ဖုန္းေတြကို ေစာင့္ၾကည့္ေနတဲ႔ အခ်က္ေတြက အေရးႀကီးတယ္လို႔လည္း သူက ေထာက္ျပပါတယ္။

စစ္ေကာင္စီ တပ္ဖြဲ႔ေတြ စိတ္ဓာတ္ က်ဆင္းေနတဲ႔ အေနအထားမ်ိဳး၊ ေခါင္းေဆာင္မႈပိုင္းမွာ စိတ္ပ်က္ေနၾကတဲ႔ အေျခအေနမ်ိဳးေတြလည္း ေတြ႕ေနရေၾကာင္းလည္း ေျပာပါတယ္။ ဒါေၾကာင့္ ေရွ႕ေလွ်ာက္ စစ္ေျမျပင္မွာ အေျပာင္းအလဲ တခ်ိဳ႕ ေတြ႕လာရႏိုင္တယ္လို႔လည္း သူက ခန္႔မွန္းပါတယ္။

ဒါေပမယ့္လည္း ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ရဲ႕ အားသာခ်က္ဟာ မဟာမိတ္ဖြဲ႔စည္းမႈ၊ မိတ္ဖက္ ျဖစ္တည္မႈေတြ အေပၚမွာ တည္မီွေနတယ္ဆိုတာကို စစ္ေကာင္စီက နားလည္ သိရွိထားၿပီး ဒီအေပၚမွာလည္း စစ္ေကာင္စီက အစြမ္းကုန္ အားထည့္ ႀကိဳးပမ္းေနတယ္လို႔ ပါေမာကၡ Zach Abuza က ေျပာပါတယ္။

“ ေနျပည္ေတာ္မွာ အဖြဲ႔အစည္း အသီးသီးနဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ရွိၿပီး သူတို႔ကို ဆြဲေဆာင္ႏိုင္ဖို႔ သူတို႔က ႀကိဳးစားေနပါတယ္။ တခ်ိဳ႕နဲ႔ေတာ့ ေအာင္ျမင္မႈ ရပါလိမ့္မယ္။ ပဋိပကၡက ရွည္ၾကာလာမယ္ ႏွစ္နဲ႔ခ်ီ ၾကာလာမယ္ ဆိုရင္ေတာ့ ဒီ လက္နက္ကိုင္ အဖြဲ႔ေတြရဲ႕ ေထာက္ခံမႈေတြကို ရွင္းလင္းပစ္ႏိုင္ဖို႔အတြက္ စစ္ေကာင္စီ အတြက္ အခြင့္အလမ္းေတြ ရသြားေစပါမယ္။ ”

ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရး အစိုးရရဲ႕ ႏိုင္ငံေရး ရည္မွန္းခ်က္ေၾကာင့္ လက္ရွိ ေထာက္ခံမႈ ရရွိထားတာ ျဖစ္ၿပီး အဓိက စိန္ေခၚခ်က္ ၂ ရပ္ရွိတယ္လို႔လည္း ပါေမာကၡ Zach Abuza က ေထာက္ျပပါတယ္။ တိုင္းရင္းသား ေတာ္လွန္ေရး အဖြဲ႔ေတြကို ကတိျပဳထားတဲ႔ အတိုင္း NUG အေနနဲ႔ အေျခခံ ဥပေဒဆိုင္ရာ မူေဘာင္ တရပ္ ခ်မွတ္ႏိုင္မလားဆိုတာနဲ႔ ဒီအခ်က္ကိုလည္း အခုအခ်ိန္မွာ စၾကရမယ္လို႔ ေျပာပါတယ္။ ဒီအခ်က္က အခ်ိန္ဆြဲလို႔ မရတဲ႔ ကိစၥ ျဖစ္တယ္၊ စစ္ပြဲ အလြန္ အစီအစဥ္ေတြကို အခုအခ်ိန္က စရမယ္လို႔ သူက ယူဆပါတယ္။ ဒုတိယ အခ်က္ကိုလည္း သူက အခုလို ေျပာပါတယ္။

NUG နဲ႔ လက္နက္ကိုင္ အဖြဲ႔အစည္းေတြၾကား ဆက္ဆံေရးက ေကာင္းေနပါတယ္။ ဒါေပမယ့္လည္း ဒီအဖြဲ႔ေတြနဲ႔ ဗမာေတြ ႀကီးစိုးတဲ႔ NUG ၾကားမွာ မသင့္ျမတ္မႈေတြနဲ႔ မယံုၾကည္မႈေတြက ရွိေနဆဲ ျဖစ္ပါတယ္။

NUG ကို လက္နက္ တပ္ဆင္ေပးေရး အလားအလာနဲ႔ ပတ္သက္ၿပီး ျမန္မာ့အေရး ကြ်မ္းက်င္သူ ပါေမာကၡ David Steinberg က ေမးျမန္းတာမွာေတာ့ NUG ဟာ လံုေလာက္တဲ႔ ထိန္းခ်ဳပ္ ၫႊန္ၾကားႏိုင္စြမ္းရွိၿပီး အေမရိကန္ အပါအ၀င္ ႏိုင္ငံတကာ အေနနဲ႔ လက္နက္ တပ္ဆင္ေပးသင့္တယ္လို႔ သူ႔အေနနဲ႔ ယူဆေၾကာင္း ပါေမာကၡ Zach Abuza က ေျပာပါတယ္။

ဒါေပမယ့္လည္း NUG ကို လက္နက္ တပ္ဆင္ေပးတာမ်ိဳး လက္ေတြ႕ ျဖစ္လာႏိုင္ေျခမရွိဘူးလို႔လည္း ပါေမာကၡ Abuza က ထပ္ေလာင္း ေျပာပါတယ္။ စက္တင္ဘာလ ၂၇ ရက္ေန႔က အေမရိကန္ ျပည္ေထာင္စု Stimson စင္တာမွာ ျပဳလုပ္တဲ႔ ေဆြးေႏြးပြဲကိုေတာ့ အေရွ႕အာရွ အစီအစဥ္ရဲ႕ တြဲဖက္ၫႊန္ၾကားေရးမွဴးနဲ႔ အႀကီးတန္း ပညာရွင္ Yun Sun က ေဆြးေႏြးပြဲမွာ အစီအစဥ္မွဴး အျဖစ္ ေဆာင္ရြက္ခဲ႔ပါတယ္။

……………………………………….

မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ စိန်ခေါ်မှု ကျွမ်းကျင်သူတွေဆွေးနွေး

{{Zawgyi/Unicode}}
အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ဆန့်ကျင် တော်လှန်မှုတွေ နိုင်ငံတဝှမ်း အရှိန်ကောင်းနေချိန်မှာဘဲ ရေရှည်မှာတော့ စစ်ကောင်စီ အတွက်ရော၊ တဖက်က NUG အပါအဝင် တော်လှန်ရေးအဖွဲ့တွေ အတွက်ပါ စိန်ခေါ်အကဲစမ်းမှုတွေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်အတွင်း တိုက်ပွဲတွေ အခြေအနေနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် Stimson စင်တာက အွန်လိုင်း ဆွေးနွေးပွဲအတွင်း အခုလို ထောက်ပြခဲ့ကြတာပါ။ မသိင်္ဂ ီထိုက် ကောက်နုတ်တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံတဝှမ်း တိုက်ပွဲတွေ အခြေအနေကို ဆွေးနွေးခဲ့ကြတဲ့ Stimson စင်တာ ဆွေးနွေးပွဲမှာတော့ ဝါရှင်တန်ဒီစီ အခြေစိုက် အမျိုးသား ကာကွယ်ရေးတက္ကသိုလ် National War College ရဲ့ ပါမောက္ခ Zach Abuza နဲ့ Zurich တက္ကသိုလ်က အကြီးတန်း နည်းပြနဲ့ သုတေသနမှူး Shona Loong တို့ ဦးဆောင် ဆွေးနွေးခဲ့ကြတာပါ။

ဦးဆောင် ဆွေးနွေးသူ ဒေါက်တာ Shona Loong ကတော့ သူ့အနေနဲ့ Zurich တက္ကသိုလ် နည်းပြတဦး အနေနဲ့ ကိုယ်စားပြု ဆွေးနွေးတာ မဟုတ်ဘဲ မြန်မာ့ ပဋိပက္ခဆိုင်ရာ မြေပုံ ထုတ်လုပ်မှုမှာ သုတေသန ပါဝင်သူ အနေနဲ့ ဆွေးနွေးကြောင်း ပြောပါတယ်။ ပါမောက္ခ Zach Abuza ကတော့ သူ့အနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ဒါမှမဟုတ်လည်း National War College ကို ကိုယ်စားပြု ဆွေးနွေးတာ မဟုတ်ကြောင်း ပြောပါတယ်။

သူဟာ မြန်မာ့ အရေး ကျွမ်းကျင်သူ မဟုတ်ပေမယ့်လည်း အရှေ့တောင် အာရှ ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပုန်ကန်တော်လှန်မှု ဆိုင်ရာ ရန်ပုံငွေထောက်ပံ့မှုနဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ နိုင်ငံရေးအရ လက်နက်ကိုင် ပုန်ကန်မှုတွေကို နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာနေသူ ဖြစ်ကြောင်း ပြောပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုက်ပွဲတွေ မကြုံဖူးတဲ့ နိုင်ငံအလယ်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် ဗမာတွေ အများစုဖြစ်ပြီး ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော် အဖြစ် ထိန်းသိမ်းမယ်ဆိုတဲ့ စစ်တပ်က ပြောဆိုနေတဲ့ အထဲမှာ ဒီ ကျေးလက်နေ ဗုဒ္ဓဘာသာဝင် ဗမာ လူထုဟာ သိပ်ပြီး အခရာ ကျပေမဲ့လည်း အခုတော့ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အကြောင်း IISS နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနရဲ့ နိုင်ငံတကာ မြန်မာ့ပဋိပက္ခ မြေပုံ ထုတ်လုပ်ရေး သုတေသန အဖွဲ့ဝင် ဒေါက်တာ Shona Loong က ပြောပါတယ်။

ဒီပဋိပက္ခမှာ စစ်ကောင်စီ သုံးနေတဲ့ စစ်နည်းဗျူဟာ တခုကတော့ သူပုန်တွေ ခိုအောင်းနေတယ်လို့ ထင်တဲ့ နေရာတွေကို အကွက်ချ မီးရှိုှု့မှုဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီက လက်နက်နဲ့ ငွေကြေး ထောက်ပံ့တဲ့ ပျူစောထီး ပြည်သူ့စစ်တွေက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို အားဖြည့်ပေးနေတယ်လို့လည်း ဒေါက်တာ Shona Loong က ပြောပါတယ်။

မြန်မာ တနိုင်ငံလုံးမှာ စစ်ကောင်စီက တိုက်ခိုက်နေရပါတယ်။ ဒီကိစ္စကြောင့်ရော နောက် လက်ရှိမှာ ကြုံတွေ့နေရတဲ့ လက်နက်ချမှု၊ ကျဆုံးမှုနဲ့ လူသစ် စုဆောင်းဖို့ အခက်အခဲတွေကြောင့် သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အစွမ်းကုန် ကြိုးစားနေရပါတယ်။

စစ်ကောင်စီ ခြေလျင်တပ်တွေဟာ အင်အား ထက်ဝက်လောက်နဲ့ လှုပ်ရှားနေပုံရကြောင်းနဲ့ ခြေကုန်လက်ပန်းကျနေပြီလို့ ပါမောက္ခ Zach Abuza က သုံးသပ်ပါတယ်။

ဘယ်စစ်တပ် မဆို ၃ လ၊ ၄ လ ဆက်တိုက် မရပ်မနား စစ်ဆင်ရေးဟာဆိုရင် တိုက်ခိုက်ရေး စွမ်းရည်ကို ပျက်စီးစေပါလိမ့်မယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က စစ်သားသစ်တွေအတွက် ခံစားခွင့်တိုးမြှင့်လာတာကို တွေ့ရကြောင်းလည်း သူက ထောက်ပြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တဦးချင်း တယောက်ချင်း လက်နက်ချတာမျိုးကို တွေ့ရပေမယ့်လည်း တပ်ဖွဲ့ တခုလုံး လက်နက်ချတာမျိုး အခုအချိန်ထိ မတွေ့ရသေးတာကိုလည်း ဒေါက်တာ Zach Abuza က ထောက်ပြပါတယ်။ တပ်ဖွဲ့လိုက် လက်နက်ချရေးဆိုတဲ့ အချက်မှာလည်း စစ်သားတွေရဲ့ ပိုင်ဆိုင်မှု အားလုံးက စစ်တပ်လုပ်ငန်းတွေ ဒါမှမဟုတ်လည်း စစ်တပ်ပိုင် ဘဏ်တွေမှာ ရှိနေတဲ့ အချက်၊ နောက် Mytel ဖုန်းကိုသာ သုံးရတာကြောင့် သူတို့ရဲ့ ဖုန်းတွေကို စောင့်ကြည့်နေတဲ့ အချက်တွေက အရေးကြီးတယ်လို့လည်း သူက ထောက်ပြပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေ စိတ်ဓာတ် ကျဆင်းနေတဲ့ အနေအထားမျိုး၊ ခေါင်းဆောင်မှုပိုင်းမှာ စိတ်ပျက်နေကြတဲ့ အခြေအနေမျိုးတွေလည်း တွေ့နေရကြောင်းလည်း ပြောပါတယ်။ ဒါကြောင့် ရှေ့လျှောက် စစ်မြေပြင်မှာ အပြောင်းအလဲ တချို့ တွေ့လာရနိုင်တယ်လို့လည်း သူက ခန့်မှန်းပါတယ်။

ဒါပေမယ့်လည်း ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အားသာချက်ဟာ မဟာမိတ်ဖွဲ့စည်းမှု၊ မိတ်ဖက် ဖြစ်တည်မှုတွေ အပေါ်မှာ တည်မှီနေတယ်ဆိုတာကို စစ်ကောင်စီက နားလည် သိရှိထားပြီး ဒီအပေါ်မှာလည်း စစ်ကောင်စီက အစွမ်းကုန် အားထည့် ကြိုးပမ်းနေတယ်လို့ ပါမောက္ခ Zach Abuza က ပြောပါတယ်။

“ နေပြည်တော်မှာ အဖွဲ့အစည်း အသီးသီးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှိပြီး သူတို့ကို ဆွဲဆောင်နိုင်ဖို့ သူတို့က ကြိုးစားနေပါတယ်။ တချို့နဲ့တော့ အောင်မြင်မှု ရပါလိမ့်မယ်။ ပဋိပက္ခက ရှည်ကြာလာမယ် နှစ်နဲ့ချီ ကြာလာမယ် ဆိုရင်တော့ ဒီ လက်နက်ကိုင် အဖွဲ့တွေရဲ့ ထောက်ခံမှုတွေကို ရှင်းလင်းပစ်နိုင်ဖို့အတွက် စစ်ကောင်စီ အတွက် အခွင့်အလမ်းတွေ ရသွားစေပါမယ်။ ”

ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ နိုင်ငံရေး ရည်မှန်းချက်ကြောင့် လက်ရှိ ထောက်ခံမှု ရရှိထားတာ ဖြစ်ပြီး အဓိက စိန်ခေါ်ချက် ၂ ရပ်ရှိတယ်လို့လည်း ပါမောက္ခ Zach Abuza က ထောက်ပြပါတယ်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေကို ကတိပြုထားတဲ့ အတိုင်း NUG အနေနဲ့ အခြေခံ ဥပဒေဆိုင်ရာ မူဘောင် တရပ် ချမှတ်နိုင်မလားဆိုတာနဲ့ ဒီအချက်ကိုလည်း အခုအချိန်မှာ စကြရမယ်လို့ ပြောပါတယ်။ ဒီအချက်က အချိန်ဆွဲလို့ မရတဲ့ ကိစ္စ ဖြစ်တယ်၊ စစ်ပွဲ အလွန် အစီအစဉ်တွေကို အခုအချိန်က စရမယ်လို့ သူက ယူဆပါတယ်။ ဒုတိယ အချက်ကိုလည်း သူက အခုလို ပြောပါတယ်။

NUG နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြား ဆက်ဆံရေးက ကောင်းနေပါတယ်။ ဒါပေမယ့်လည်း ဒီအဖွဲ့တွေနဲ့ ဗမာတွေ ကြီးစိုးတဲ့ NUG ကြားမှာ မသင့်မြတ်မှုတွေနဲ့ မယုံကြည်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။

NUG ကို လက်နက် တပ်ဆင်ပေးရေး အလားအလာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg က မေးမြန်းတာမှာတော့ NUG ဟာ လုံလောက်တဲ့ ထိန်းချုပ် ညွှန်ကြားနိုင်စွမ်းရှိပြီး အမေရိကန် အပါအဝင် နိုင်ငံတကာ အနေနဲ့ လက်နက် တပ်ဆင်ပေးသင့်တယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ပါမောက္ခ Zach Abuza က ပြောပါတယ်။

ဒါပေမယ့်လည်း NUG ကို လက်နက် တပ်ဆင်ပေးတာမျိုး လက်တွေ့ ဖြစ်လာနိုင်ခြေမရှိဘူးလို့လည်း ပါမောက္ခ Abuza က ထပ်လောင်း ပြောပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန် ပြည်ထောင်စု Stimson စင်တာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကိုတော့ အရှေ့အာရှ အစီအစဉ်ရဲ့ တွဲဖက်ညွှန်ကြားရေးမှူးနဲ့ အကြီးတန်း ပညာရှင် Yun Sun က ဆွေးနွေးပွဲမှာ အစီအစဉ်မှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注