ရန်ကုန်၊ စက်တင်ဘာ ၃၀
လောင်းလုံး၊ ပုလော၊ ပုလဲ၊ ကျိုက်ထို၊ ကြာအင်းဆိပ်ကြီး၊ မော်လိုက်၊ မုံရွာ တို့တွင် တိုက်ပွဲနှင့် ပစ်ခတ်မှုများဖြစ်ပြီး စစ်သား ၂၇ ဦး သေဆုံးကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။
လောင်းလုံးတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ရှိကျောက်နီမော်ရွာနှင့် အောက် ကျောက်ဝပ်ရွာကြား တစ်နေရာတွင် စက်တင်ဘာ ၂၉ ရက်နေ့ ၊မွန်း တည့် ၁၂ နာရီခွဲခန့်အချိန် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ ပျူစောထီး ၅ ဦးကို လောင်းလုံး(LLPDF)ရဲဘော်တို့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ စောထီး ၂ ဦး သေဆုံးကြောင်း သိရှိရသည်။
ပုလဲမြို့ထွေ/အုပ်ရုံးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီခန့် အ ချိန် ပုလဲမြို့ထွေအုပ်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက် နက်ကြီး လက်နက်ငယ်များ၊အော်တို ဂန်းများနှင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးသွားကြောင်း ၊ ၄ ဦး ဒဏ်ရာရှိကြောင်း၊ တိုက်ခိုက်မှုကို Southern YSO PDF နှင့် ပူးတွဲမဟာမိတ် ပုလဲ တပ်ရင်း ၄ အမှတ်( ၁၀) ၊ ဒေါင်းနက် အဖွဲ့၊ ပုလဲမဟာမိတ်တပ်ပေါင်းစု အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။
ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာ နှင့် ခုတ်ခွားစခန်းအကြား တွင် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်အချိန် နယ်မြေရှင်းလင်းရေးပြုလုပ်ရန်ကြိုးစားလာသော အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၃ လက် အောက်ခံ ခမရ ၃၅၈ နှင့် ခမရ ၅၅၆ ခန့်မှန်းအင်အား ၁၀၀ကျော်ကို နဂါးနီစစ်ကြောင်း နှင့် KNLAပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ကြရာ စစ် တပ်ဘက်မှ ၃ဦး ကျဆုံး၍ ၁ ဦး ထိခိုက်ဒဏ်ရာရကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ပုလောတွင် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) နှင့် မဟာမိတ်တပ်ဖွဲ့များသည် ” နန်းထိုက်အောင်စစ် ဆင်ရေး” အဖြစ် ပုလောမြို့နယ် ထမင်းမစား ကျေးရွာနှင့် နန်းပရုပ် ကျေးရွာ အကြားတွင် သရက်ချောင်းမြို့ဘက်မှ ဆင်းလာသော စစ်ကောင်စီ ကား ၂ စီးပါ ယာဉ်တန်း ကို စက်တင်ဘာ ၃၀ ရက်နေ့ မွန်း တည့် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
မော်လိုက်တွင် ဗိုလ်ကြီး၊ ဗိုလ် အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၈ လက်ရရှိ
စစ်ကိုင်းတိုင်း၊မော်လိုက်မြို့နယ် တွန်းပင်ရွာအနီး၌ မော်လိုက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် စစ်တပ်များ ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၃ ပွင့် ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးကြောင်း၊ အဆိုပါသေဆုံးသူ စစ်သား ၈ ဦးသည် ၃၆၄ ၊ ၃၆၅ ၊ ၃၆၆ တပ်ရင်းမှ ဖြစ်ကြောင်း မော်လိုက်PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။
လက်နက် ၈ လက် သိမ်းဆည်းရမိပြီး MA3 (၁) လက်၊ MA2(၂) လက်၊ ကာဗိုင် (၂) လက်၊ စက်လက် (၁) ၊ တစ်ထောင့်ထိုး (၂)လက်၊ ဗုံးသီး (၃)လုံး၊ MA3 ကျည်ဘောက် (၁၇)ခု၊ သိမ်းဆည်းရရှိခဲ့ကြောင်း၊ မော်လိုက်မြို့မှ ပျူစောထီး ခေါင်းဆောင်လည်း အပြင်းအထန် ဒဏ်ရာရရှိကြောင်း၊ မော်လိုက်မြို့၊ ပြည်သူ့ဆေးရုံသို့ ယနေ့ နေခင်းပိုင်းတွင် ထမ်းစင်ပေါ်၌ ပက်လက်လန် သတိမရ စစ်သား ၁ ဦး အပါအဝင် ဒဏ်ရာရသူများပြားကြောင်း သိရှိရသည်။
မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်တပ်ကို တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊မုံရွာမြို့ရှိမုံရွာစီးပွားရေးတက္ကသိုလ်နှင့် စီးပွားရေးဘဏ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ စစ်သားရှစ်ဦးသေဆုံးသွားကြောင်း ဒေသခံကာကွယ်ရေးတပ် Chindwin Attack Force က ယနေ့ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ ည၇နာရီခန့်တွင် မုံရွာမြို့ရှိမုံရွာစီးပွားရေးတက္က သိုလ် တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့်ရဲတပ်သားများကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ၄၀မမဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း၊ထို့ပြင် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့် မုံရွာ၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ စီးပွားရေးဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ခြင်းခတ်နေစဉ် Chindwin Attack Force နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ( ၂ )၊မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ( ၂ ) တပ်ခွဲ ( ၄ ) Fight For Peopleတို့မှဗိုလ် ပေါက်ကြား၊ဗိုလ်ဗျတ်ဝိ၊Black Rose တို့ကဦးဆောင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပုလောတွင် ပျူစောထီးကား မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး
စက်တင်ဘာလ၊ ၃၀ရက်နေ့ မွန်းတည့် ၁၂နာရီ၃၀မိနစ်အချိန်ခန့်တွင်တန င်္သာရီတိုင်း၊မြိတ်ခရိုင်ပုလောမြို့နယ်၊ ထမင်း မစားကျေးရွာအနီးတွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် စစ်သား ၂၀ ဦး ခန့် ပါလာသော စစ်ကား(၁)စီးကို Palaw K-PDF ဗိုလ်ခေါင်းဖြူစစ် ကြောင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး(၁၀)မိနစ်ခန့်အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် ထမင်းမစားကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကမို သေ ဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)က သတင်းထုတ်ပြန်သည်။
မုပ္ပလင်လမ်းဆုံဂိတ် တိုက်ခိုက်ခံရမှုကြောင့် စစ်သား ၃ ဦးသေဆုံး
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ကျိုက်ထိုပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ် အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း၊
ကျိုက် ထိုပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ဂိတ်တွင် စောင့်နေသော အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိုသေဆုံးသူများကို အရေး ပေါ်ကား ၃ စီးဖြင့် တင်သွားကြောင်း Kyaikhto Information Teamက သတင်းထုတ်ပြန်သည်။
发表回复