Overseas Chinese History Museum

ရိုဟင်ဂျာဒုက္ခသည်တွေ အန္တရာယ်များလှတဲ့ ပင်လယ်ပြင်ခရီးကို ဖြတ်သန်းပြီး အရှေ့တောင်အာရှ နိုင်ငံတွေကို သွားရောက်ဖို့ ကြိုးပမ်းနေတာကို တားဆီးဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၂၇ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်အရေးဆိုင်ရာမဟာမင်းကြီး မိုဟာမက် မစ်ဇနာ ရာမန်က ပင်လယ်ပြင်မှာ ဘယ်လောက်အန္တရာယ်ကြီးတဲ့အကြောင်း ဒုက္ခသည်စခန်းတွေမှာ အသိပညာပေးဟောပြောနေသလို ဖမ်းဆီးအရေးယူတာတွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ အခုလို အန္တရာယ်များလွန်းတဲ့ ခရီးကို မသွားကြဖို့ ရိုဟင်ဂျာဒုက္ခသည်တွေကို တတ်နိုင်သလောက် တားဆီးနေပါတယ်။ ဒီလိုပင်လယ်ပြင်ကို ထွက်တာ ဘယ်လောက်အန္တရာယ် ကြီးတဲ့အကြောင်း ဒုက္ခသည်စခန်းတွေမှာ လိုက်ပြီး အသိပေးဟောပြောနေပါတယ်။ ဘင်္ဂလားဒေ့ရှ် ရေတပ်၊ ကမ်းခြေစောင့်တပ်နဲ့ ရဲတပ်ဖွဲ့တွေကိုလည်း အသင့်အနေအထားရှိနေအောင် တပ်လှန့်ထားပါတယ်။ လူကုန်ကူးမှုတွေမှာ ပါဝင်သူတွေကိုလည်း ဖမ်းဆီးအရေးယူနေပါတယ်”
အခုနှစ် နိုဝင်ဘာကတည်းက ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ လှေတွေ အင်ဒိုနီးရှားနိုင်ငံကို ရောက်လာနေပြီး ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ရိုဟင်ဂျာ ၁၇၄ ဦး တင်ဆောင်လာတဲ့ လှေတစ်စင်းဟာ ပင်လယ်ထဲမှာ ရက်သတ္တပတ်ပေါင်းများစွာ မျောနေခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် ကမ်းခြေကို ဆိုက်ရောက်ခဲ့တာပါ။
အခုအပတ်အတွင်းမှာပဲ ရေတိုင်ကီတစ်ခုကို ဖက်တွယ်ပြီး ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာ ခြောက်ဦးကို ထိုင်း တံငါလှေတွေက ကယ်တင်ခဲ့ရပြီး၊ သီရိလင်္ကာရေတပ်ကလည်း ရိုဟင်ဂျာတွေ ပါလာတဲ့ လှေတစ်စီးကို ကယ်တင်ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注