Overseas Chinese History Museum

随着澳门政府打击新的赌博窝点和新的人口贩运中心的出现,中国地下帮派正在大规模转移到泰缅边境,自2016年以来,赌博金融家从前葡萄牙殖民地澳门转移到西哈努克河谷和Poi Pat等柬埔寨控制较弱的地区,随后在与泰国、老挝和缅甸接壤的执法薄弱地区设立了无数赌博窝点

ထိုင်းနှင့်မြန်မာနယ်စပ်တွင် တရုတ်မြေအောက်ဂိုဏ်းများက အုပ်စုဖွဲ့ရာဇဝတ်မှုများ ကျူးလွန်နေ

ရာဇဝတ်မှုကျူးလွန်းသည့်နေရာများနှင့်တူသည့်လောင်းကစားရုံအသစ်များပေါ်ပေါက်လာမှုနှင့်လူကုန်ကူးမှု ဗဟိုချက်အသစ်များကိုမကာအိုအစိုးရကဖိနှိပ်မှုကြောင့်တရုတ်မြေအောက်ဂိုဏ်းများသည် ထိုင်းနှင့်မြန်မာနယ်စပ်သို့အစုအပြုံလိုက်ပြောင်းရွှေ့လာကြသည်ဟုNikkei Asia တွင် ဒိုမစ်နစ်ဖော်ဒါက ရေးသားခဲ့သည်။

ကိုဗစ်-၁၉ပိတ်ဆို့ကန့်သတ်ချက်များနှင့် တရားမဝင်လောင်းကစားမှုများကို ကန့်သတ်ချက်များကြောင့် မကာအို၏လောင်းကစားမှရရှိသည့်ဝင်ငွေသည်၂၀၂၁ခုနှစ်တွင်အနိမ့်ဆုံးအဆင့်သို့ကျဆင်းသွားကြောင်း ၎င်းက ရေးသားခဲ့သည်။

လောင်းကစားဖြင့်ငွေကြေးရှာဖွေသူများသည်ပေါ်တူဂီကိုလိုနီဟောင်းဖြစ်သည့်မကာအိုမှ၂၀၁၆ခုနှစ်ကတည်းကကမ္ဘောဒီးယားရှိစီဟာနောခ်ဗယ်လီနှင့်ပွိုင်ပက်ကဲ့သို့ထိန်းချုပ်မှုနည်းသောနယ်မြေများဆီသို့ပြောင်းရွှေ့လာပြီး နောက်ပိုင်းတွင်ထိုင်း၊လာအိုနှင့်မြန်မာနယ်စပ်တစ်လျှောက်ရှိတရားဥပဒေစိုးမိုးမှုအားနည်းသည့်နေရာများတွင် မရေမတွက်နိုင်သော လောင်းကစားရုံများကိုတည်ဆောက်နေသည်ဟု၎င်းကဆိုသည်။ .

အွန်လိုင်းလောင်းကစားနည်းပညာနှင့်အခြေခံအဆောက်အအုံများကိုလိမ်လည်လှည့်ဖြားရန်အတွက်လည်းအသုံး ပြုခဲ့ပြီး ဒေသတွင်းတွင် လိမ်လည်မှုဗဟိုဖြစ်လာသည်ဟု Nikkei Asia က ဖော်ပြခဲ့သည်။

“ထိုင်းနှင့်မြန်မာတို့သည်မြစ်တစ်စင်းသာခြားပြီးရင်းနှီးသောအိမ်နီးချင်းများဖြစ်သည်”ဟုဟောင်ကောင်အခြေ စိုက် Yatai International Holding Group က တရုတ်-ထိုင်း-မြန်မာစီးပွားရေးစင်္ကြံတွင် ယင်း၏အခန်းကဏ္ဍကို ကြော်ငြာသည့်အနေဖြင့် ဖေ့စ်ဘွတ်ခ်ဗီဒီယိုတွင်ဖော်ပြခဲ့သည်။

သောင်ရင်းမြစ်ကြောင်းတစ်လျှောက်တွင်ဒေါ်လာ၁၅ဘီလီယံတန်သောရွှေကုက္ကိုလ်အနာဂတ်မြို့သစ်ကိုဖော်ဆောင်ခဲ့သည်။

ရွှေကုက္ကိုလ်ကို ‘မြန်မာ၏ဆီလီကွန်တောင်ကြား’ နှင့်အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ်ကြား ကုန်းမြေတစ်စိတ်တစ်ပိုင်းဖြစ်သည့် ‘ရေကြောင်းပိုးလမ်းမ’ တစ်လျှောက် အဓိကစခန်းအဖြစ်လည်း သတ်မှတ်ခံခဲ့ရကြောင်းNikkei Asia ကဖော်ပြခဲ့သည်။

အမှန်တကယ်အခြေအနေသည် ပိုမိုနက်ရှိုင်းသည်။ ရွှေကုက္ကိုလ်သည် အွန်လိုင်းလောင်းကစား၊ လိမ်လည်လှည့်ဖြားမှုနှင့် လူကုန်ကူးမှုစသည့် ရာဇဝတ်မှုဆိုင်ရာ အချက်အချာ နေရာတစ်ခုဖြစ်ကြောင်း ဖော်ဒါကရေးသားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့်ဝေးကွာလှပြီးစိုးရိမ်ဖွယ်ကောင်းကြောင်းဆိုခဲ့သည်။

ယင်းဥပဒေမဲ့ဧရိယာသည် ကမ္ဘာ့လုံခြုံရေးကိုခြိမ်းခြောက်မှုအဖြစ်ပရစ်ဆယ်လာ အေကလပ်နှင့် ဂျတ်ဆန်တာဝါတို့ကနိုဝင်ဘာလကထုတ်ပြန်ခဲ့သည့်အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့အစည်း (USIP) ကထုတ်ဝေခဲ့သည့်ဝေဖန်ချက်ဆောင်းပါးတွင်နာမည်ဆိုးတပ်ဖော်ပြခဲ့သည်။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注