Overseas Chinese History Museum

泰海沉船中无助的罗兴亚人
载有 160 名罗兴亚人的船在泰国 由于机器故障以及缺乏水和食物,至少有 5 人在安达曼海死亡。
ထိုင်းပင်လယ်ပြင် စက်လှေပျက်ပေါ်မှ ကူရာမဲ့ ရိုဟင်ဂျာများ
ရိုဟင်ဂျာ ၁၆၀ ပါ စက်လှေသည် ထိုင်းနိုင်ငံ၊ အက်ဒမန်ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းမျောပါနေပြီး ရေနှင့်အစာ ပြတ်လပ်သဖြင့် သေဆုံးသွားသူ ၅ ဦးထက်မနည်းရှိနေသည်။

၂၀၁၉ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့ရသော ရိုဟင်ဂျာဒုက္ခသည်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းနှင့် ဘာလုခါလီဒုက္ခသည်စခန်းတွင် နေထိုင်ကြသည့် ရိုဟင်ဂျာများအနက် ၁၆၀ ခန့်သည် နိုဝင်ဘာ ၂၅၊ နံနက် ၁ နာရီခန့်က စက်လှေတစ်စီးဖြင့် ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ကာ မိုင်ထောင်ချီခရီး စတင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းများမှ မိုင်ပေါင်း နှစ်ထောင်ကျော် ကွာဝေးသည့် မလေးရှားနိုင်ငံသို့ ရေလမ်းခရီးဖြင့် ထွက်ခွာလာပြီးနောက် ၆ ရက်မြောက်နေ့ ဒီဇင်ဘာ ၁ တွင် ထိုင်းနိုင်ငံ၊ အက်ဒမန်ပင်လယ်ပြင်အတွင်း စတင်၍ စက်ချွတ်ယွင်းသွားခဲ့သည်။

ဒီဇင်ဘာ ၇ ရက်အထိ ကယ်သူမဲ့ဖြစ်နေပြီး ကမ်းမမြင်၊ လမ်းမမြင်သည့် ပင်လယ်ပြင်အတွင်း ကူကယ်ရာမဲ့ဘဝ ရောက်နေကြသည်။

စက်လှေထဲတွင် အမျိုးသား ၄၀၊ အမျိုးသမီးများ၊ ကလေးငယ်များ ပါဝင်သည်။ ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် အသက် ၅၂ နှစ်အရွယ် အာတာအူလ္လာ၏သား အငယ်ဆုံး ၁၇ နှစ်အရွယ် မော်ရှော်ရောဖ်လည်း ပါဝင်သည်။

“အခုဖြစ်နေတာ ကျွန်တော့သား တစ်ယောက်တည်းလည်း မဟုတ်ဘူးနော်။ လူသားအချင်းချင်းတွေပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ကယ်တင်ပေးစေချင်တယ်” ဟု အာတာအူလ္လာ က Myanmar Now ကို ပြောသည်။

အသက် ၁၇ နှစ်ရှိပြီဖြစ်သော်လည်း အဆင့်မြင့်ပညာ သင်ကြားခွင့်မရသည့် ၈ တန်းကျောင်းသား မော်ရှော်ရောဖ်၏ ပြင်းပြသည့်ဆန္ဒမှာ ကျောင်းတက်ရန် ဖြစ်သည်ဟု ဖခင်ဖြစ်သူ အာတာအူလ္လာက ပြောသည်။ ထို့ကြောင့် ၅ နှစ်ကျော်ကြာ သူနေထိုင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းကို စွန့်ခွာပြီး ကမ်းမမြင်၊ လမ်းမမြင်ခရီးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၅၊ နံနက် ၁နာရီအချိန်တွင် မော်ရှော်ရောဖ် အပါအဝင် အခြားသော ရိုဟင်ဂျာဦးရေ ၁၀၀ ကျော် ပါဝင်သည့် စက်လှေတစ်စင်းသည် ညအမှောင်ထုထဲတွင် ဘင်္ဂလားပင်လယ်ပြင်ကိုဖြတ်ကာ မလေးရှားနိုင်ငံသို့ ဦးတည်မောင်းနှင်သွားသည်။

“သူက ကျောင်းတက်ချင်တော့ မလေးရှားရောက်နေတဲ့ သူတို့သူငယ်ချင်းတွေ အချင်းချင်း လိုင်း(အင်တာနက်) ပေါ်က စကားပြောပြီး ကျွန်တော်မသိအောင် သူက ပါသွားတယ်။ သူ (စက်လှေ) ဘုတ်မှာတက်တော့မှ ကျွန်တော်သတင်းရတာ” ဟု မော်ရှော်ရောဖ်၏ ဖခင်က ပြောပြသည်။

ပင်လယ်ပြင်မှာ ကူရာမဲ့နေ

အာတာအူလ္လာတို့ မိသားစုသည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သဝင်ချောင်း(ခွဆုံ) ကျေးရွာသားများ ဖြစ်ကြသည်။ ၂၀၁၇ တွင် စစ်တပ်က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးကြရသည့် သိန်းနှင့်ချီသော ရိုဟင်ဂျာဒုက္ခသည်များထဲတွင် ပါဝင်သူများ ဖြစ်ကြသည်။

ဒုက္ခသည်စခန်းများတွင် နိုင်ငံမဲ့ဘဝဖြင့် ၅ နှစ်ကျော် နေထိုင်ရင်း ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားအခွင့်အလမ်းများစွာ ပိတ်ပင်ခံထားရပြီးနောက် ထို့ထက် ပိုမိုကောင်းမွန်သော ဘဝတစ်ခု ရနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် သက်စွန့်ဆံဖျား ထွက်ခွာစဉ် ယခုလို ကြုံတွေ့ကြရခြင်းလည်း ဖြစ်သည်။

ပင်လယ်အတွင်း မျောပါနေသော စက်လှေပျက်တစ်စီးပေါ်တွင် ဆက်သွယ်ရန်အတွက် ဂြိုဟ်တုဖုန်းတစ်လုံးသာ ရှိသည်။

Myanmar Now က ထိုဖုန်းကို ဒီဇင်ဘာ ၅ မှ စတင်ပြီး ၃ ရက်တိုင် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၎င်းတို့က ထိုဖုန်းမှတစ်ဆင့် မြေပြင်ရှိ ဆွေမျိုးသားချင်းများနှင့် နောက်ဆုံးအဆက်သွယ်ရသည်မှာ ဒီဇင်ဘာ ၆ရက်၊ ညနေ ၃ နာရီအချိန်ဖြစ်ပြီး အက်ဒမန်ပင်လယ်ပြင်အတွင်း ဆက်လက်မျောပါနေကြောင်း၊ ရေနှင့်အစာ ပြတ်လပ်သဖြင့် သေဆုံးသွားသူ ၅ ဦးထက်မနည်း ရှိကြောင်း၊ ကူညီမည့်သူ မရှိသေးကြောင်း ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများထံမှ သိရှိရသည်။

“ရေနဲ့အစာ ပြတ်နေတယ်။ သူတို့ပြောရင်းနဲ့ ငိုတယ်။ ကျွန်တော်တို့ကို ကယ်ကြပါ၊ ကယ်ကြပါဆိုပြီး” ဟု ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ မိုဟာမက်ရီဇူဝါန်ခါန်က မိသားစုဝင်များထံမှ နောက်ဆုံးသိရသည့် အခြေအနေကို ထပ်ဆင့်ပြောပြသည်။

လူ့ဂုဏ်သိက္ခာအတွက် အသက်စွန့်ရသူများ

ရိုဟင်ဂျာများသည် မလေးရှားသို့ ကုန်းလမ်းဖြင့် သွားလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၅ သိန်း (ကျပ်သိန်းတစ်ရာကျော်)၊ ရေလမ်းဖြင့် သွားလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၃ သိန်းခွဲ (သိန်း ၇၀ကျော်) ကို ခရီးစဉ် စီစဉ်ပေးသည့် ရိုဟင်ဂျာလူမျိုး ပွဲစားကို ပေးရလေ့ရှိသည်။

“ကလေး (သား) ကို ဘုတ်မှာတင်ပြီးတော့ ကလေးကို ကျွန်တော့်ဖုန်းကို သူတို့ဆက်ခိုင်းတယ်။ ဖုန်းဆက်ခိုင်းပြီးတော့ မင်းအဖေကို ဒီနံပါတ်ကို ဒီလိုဒီလို ငွေသွင်းခိုင်းဆိုလို့ ကျွန်တော့မှာ သွင်းပေးရတယ်။ အွန်လိုင်းစနစ်နဲ့ ငွေလွှဲပေးရတယ်။ ကျွန်တော် တစ်သိန်းခွဲ လွှဲပေးပြီးသွားပြီ။ ကျန်တဲ့ နှစ်သိန်း ဟိုရောက်ရင် ပေးရမယ်။ အွန်လိုင်းကနေ လွှဲပေးရတာပါ။ ပွဲစားက အဓိက မလေးရှားမှာ နေတဲ့သူပါ။ သူတို့နာမည်လည်း ပေါ်ပေါ်တင်တင် မပြောဘူး” ဟု အာတာအူလ္လာက ပြောသည်။

၎င်း၏သားဖြစ်သူ မော်ရှော်ရောဖ် လိုက်ပါသွားသည့် စက်လှေကို ဦးဆောင်သူမှာလည်း ရိုဟင်ဂျာလူမျိုးပင်ဖြစ်သည်ဟု အာတာအူလ္လာက ဆက်ပြောသည်။ ထိုစက်လှေထွက်ခွာပြီးနောက် သုံးလေးရက်ခန့် အကြာတွင်လည်း နောက်ထပ် စက်လှေတစ်စီးဖြင့် ရိုဟင်ဂျာများ မလေးရှားသို့ ထပ်မံထွက်ခွာသွားကြောင်း၊ ထိုစက်လှေတွင် လိုက်ပါသွားသူများနှင့်လည်း လတ်တလော အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

“ကျွန်တော်ပြောချင်တာက ဒီတစ်စီးတင် မဟုတ်ဘူး။ ဒီကိစ္စက ခဏခဏဖြစ်တယ်။ ဒီကိစ္စကို တားလို့ရရင် ကောင်းမယ်လို့ ထင်တယ်။ တအားဒုက္ခရောက်တယ်။ ဒီစက်လှေတစ်စီး မဟုတ်ဘူး။ အရင်လည်း ရှိတယ်။ နောက်လည်း ရှိဦးမှာပဲ။ ဒီကိစ္စကို တားလို့ရရင် ကောင်းမယ်” ဟု အာတာအူလ္လာက ဆိုသည်။

လက်ရှိ ပင်လယ်ပြင်အတွင်း မျောပါနေသည့် ရိုဟင်ဂျာများနှင့် ပတ်သက်ပြီး ထိုင်းနှင့် မလေးရှားအစိုးရတို့၏ သဘောထားကို မသိရသေးပေ။

https://pan.baidu.com/s/1wuCwErK_PGe2MN94bVPKgg?pwd=thx9

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင်ဒုက္ခသည်စခန်းမှ မလေးရှားသို့ ကူးမည့် ရိုဟင်ဂျာများကို စက်လှေမပျက်မီ တွေ့ရစဉ်


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注