Overseas Chinese History Museum

မြန်မာ – တရုတ်နယ်စပ် ကုန်သည်တွေ ယာဉ်မောင်းအစားထိုးစနစ်ကြောင့် ဒုက္ခရောက်နေ

မြန်မာ – တရုတ်နယ်စပ် ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ကတစ်ဆင့် တရုတ် နိုင်ငံဘက်ကို ကုန်သွယ်တဲ့နေရာမှာ ရှန်တိန်စနစ်ကြောင့် ကုန်သည်တွေ၊ ကုန်ကားမောင်း သူတွေနဲ့ ကုန်ကားလုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲရှိနေတယ်လို့ ကုန်သည်တွေနဲ့ ကုန်ကားပိုင်ရှင်တွေက ပြောပါတယ်။

“လွယ်ဂျယ်က ကန်ထရိုက်ဆွဲထားတာနေမယ်။ အခုထိ ရှန်တိန်ရှိတုန်းပဲ။ ရှန်တိန်စနစ် ကြောင့် ကြာလည်း ပိုကြာသွားသလို ငွေလည်းပိုကုန်တယ်။ ကာစတန်ကွင်းမှာ အခွန် ဆောင်ပြီးပြီ ဆိုလို့ရှိရင် အဲဒီ ရှန်တိန်ဝင်းထဲကို မောင်းထည့်လိုက်တာ။ အဲမှာ ကား ပိုင်ရှင်တွေ ကားမောင်းတဲ့သူတွေ ထိလို့မရတော့ဘူး။ သူတို့သဘောအတိုင်းပဲ လုပ်သွား တော့တာ။ ကိုယ်က အပေါ်ကနေပဲ ထိုင်ကြည့်နေရတာ ပါသွားပြီး မပါသေးဘူးလားပေါ့။ ဝင်သွားပြီ ဆိုလို့ရှိရင်လည်း ၁၀ ရက်လောက်မှ တစ်ခေါက်ဝင်သွားတာ။ တရုတ်ပြည် ဘက်မှာ လည်း ကုန်က ချလား၊ မချလား ဘာမှမသိ။ သူတို့ လုပ်ချင်တာလုပ်တာပဲ ”

မိုးတွင်းကာလ ကုန်မရှိတဲ့အတွက် ကုန်စည်တင်ပို့တာတွေ အကုန်လုံးရပ်နားထားရပြီး ကုန်သွယ်မှုပြန်စလို့ရတာ အခုမှ တစ်ပတ်လောက်သာ ရှိသေးတယ်လို့လည်း ဆိုပါတယ်။

ရှန်တိန်စနစ်ဆိုတာ ကုန်စည်ပို့ဆောင်တဲ့ ကားတိုင်း တစ်ဖက်နိုင်ငံအတွင်း တိုက်ရိုက်ဝင် ရောက် ရတာမျိုး မဟုတ်ဘဲ ခေါက်တိုပြေးဆွဲခွင့်ပြုထားတဲ့ ကားမောင်းသူတွေနဲ့သာ တစ်ဖက်ကို ပို့ဆောင်ပေးတဲ့ ခေါက်တို ယာဉ်မောင်းအစားထိုးစနစ် ဖြစ်ပါတယ်။

ဒီစနစ်ကြောင့် ရှန်တိန်ယာဉ်မောင်းခနဲ့ အမခံကြေးဆိုပြီး ရှန်တိန်ကွင်းကနေ တရုတ်ပြည် နယ်စပ်ထိ တစ်ခါဝင်ဖို့ မနှစ်က တရုတ်ယွမ် ၆၀၀ (ကျပ်သုံးသိန်း) လောက်ပဲ ကုန်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တရုတ်ယွမ် ၁၂၀၀ (ကျပ်ခြောက်သိန်း) အထိ ကုန်ကျနေတယ်လို့ ကုန်သည် တွေက ပြောပါတယ်။

တရုတ်ပြည်ကနေပြန်လာပြီး ရှန်တိန်ကွင်းရောက်ရင်လည်း မြန်မြန်ထွက်နိုင်ဖို့ ငွေပေးရ တာတွေပါ ရှိနေတယ်လို့ ဆိုပါတယ်။

ရှန်တိန်စနစ်ဟာ မျှတမှုမရှိတဲ့အပြင် ကားသမားတွေနဲ့ ကုန်သည်တွေအတွက် အခက်အခဲ ဖြစ်တာကြောင့် ဒီစနစ် မရှိသင့်တော့ဘူးလို့ အမည်မဖော်လိုတဲ့ ကုန်ကားမောင်းသူတစ်ဦး က RFA ကို ပြောပါတယ်။

“တရုတ်ပြည်ထဲရောက်ဖို့ ဗမာရှန်တိန်မှာစီထား။ စီထားပြီးတော့မှ သူတို့က မျှတမှု မရှိဘူး မျက်နှာကြီးတဲ့ သူတွေဆို ဦးစားပေးထည့်တာ။ တချို့ကားတွေကတော့ တိုကင် က ၃၀ တကယ်ဝင်သွားရတာက ၅၀ လောက်မှ လည်းရှိတယ်။ တရုတ်က ပြန်လာလည်း ရှန်တိန်ကွင်းမှာ ထပ်စောင့်ရတယ်။ အဲက မှောင်ခိုအမြန် ထွက်ချင်ရင် ကျပ် ၅ သိန်း ၁၀ သိန်းလောက်ပေးပြီး ထွက်ကြတာ။ အဆင်မပြေမှုကတော့ ရှန်တိန်ကွင်းရှိနေသရွေ့ အဆင်မပြေဘူး ”

အခုအချိန်ဟာ မြန်မာဘက်ကနေ တရုတ်ကိုပို့တာနည်းပြီး တရုတ်ဘက်က သံပစ္စည်း၊ အိမ်ဆောက်ပစ္စည်းတွေနဲ့ အခြားအသုံးအဆောင်တွေကိုသာ သယ်ယူနေရတာ များတယ် လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ အခုကိစ္စကို သူ့အနေနဲ့ သေချာမသိသေးဘူးလို့ RFA ကို ပြောပါတယ်။

နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် လွယ်ဂျယ် – လားရင်းဂိတ်ကို ကိုဗစ် – ၁၉ ကြောင့် တရုတ်ဘက်က ၂၀၂၁ ဇူလိုင်လ ၁၁ နေ့ကတည်းက ပိတ်ထားတာဖြစ်ပြီး ခြောက်လကျော်ကြာ ၂၀၂၂ ဇန်နဝါရီလ ၁၇ ရက်နေ့ကမှ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ ပြီးခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ခုနှစ်မှာ သွင်းကုန်နဲ့ ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၅ သန်း ရှိခဲ့ပါတယ်။