Overseas Chinese History Museum
密码保护:马来西亚中华大会堂总会
in
马来西亚华人
此内容受密码保护。如需查阅,请在下列字段中输入您的密码。
密码:
←
နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းသွားမယ်လို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က
“ ဒီအတွက် နစကနဲ့တော့ ကျယ်ကျယ်ပြန့်ပြန့်မဆွေးနွေးနိုင်သေးဘူး။ တစ်ဖွဲ့ချင်းစီသွားရောက်ဆွေးနွေး ခဲ့တာတွေတော့ရှိတယ်။ အကျပ်အတည်းကို ကျော်လွှားဖို့ ချဉ်းကပ်ဖို့ ကြိုးစားနေတာပဲရှိတယ်။ အားလုံး ပါဝင်ရေးအတွက် တစ်ဖက်ကခေါ်လို့ သွားရတာမဟုတ်ဘဲ အားလုံးပူးပေါင်း ပိုင်ဆိုင်တဲ့ အခင်းအကျင်းဖြစ်ဖို့ တောင်းဆိုထားတာရှိတယ်။” လို့ပြောပါတယ်။
တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့နည်းကပဲ လက်ရှိနိုင်ငံရေးပြဿနာတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်တာကြောင့် ပါဝင်သင့်သူအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ကိုသာ PPST အနေနဲ့ အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းနဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာကို လေကြောင်းကနေ အင်အားအလွန်အကျွံသုံးတိုက်ခိုက်မှုတွေဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်လို့ PPST က ထုတ်ပြန်ပါတယ်။
ဒီလိုနိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေပိုဆိုးလာစေမယ့် လုပ်ဆောင်မှုတွေကို ထပ်မလုပ်ဖို့ တိုက်တွန်းတယ်လို့လည်း အောက်တိုဘာလ ၂၇ နဲ့၂၈ ရက်နေ့အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ PPST ရဲ့ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဆွေးနွေးမှာမဟုတ်ဘဲ နှိမ်နင်းသွားမယ်လို့ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ပြောထားပါတယ်။
စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသလို NUG ဘက်ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားပါတယ်။
Malaysian Chinese Association
→
评论
More posts
Yingying Xu,2025.3.28
2025年4月5日
Zhongli Pang, illegal immigrants, 2025.4.2
2025年4月3日
Menghan “Emily King” Zhuang(庄孟寒), 2025.3.7
2025年3月7日
CalArts Remembers Emily King (Menghan Zhuang, 庄孟寒) 2025.2
2025年3月7日
评论