Overseas Chinese History Museum
密码保护:BenarNews
in
未分类
此内容受密码保护。如需查阅,请在下列字段中输入您的密码。
密码:
←
Indonesia News
ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံရတဲ့ အဂတိအမှုငါးမှု လာမယ့်ရုံးချိန်းမှာ စွဲချက်တင်မတင် လျှောက်လဲမည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို စွပ်စွဲထားတဲ့ ရဟတ်ယာဉ် ဝယ်ယူ ငှားရမ်းကိစ္စနဲ့ သက်ဆိုင်တဲ့ အဂတိအမှုငါးမှုကို နောက်တစ်ပတ် ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးဖို့ အောက်တိုဘာ ၁၁ ရက် ဒီနေ့ ရုံးချိန်းမှာ နေပြည်တော် အချုပ်တောင်တွင်း တရားရုံးကနေ ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
အမှုနဲ့ပတ်သက်လို့ ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ညွှန်ကြားရေးမှူးတစ်ဦးကို တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပြီး နောက်ထပ် တရားလိုပြသက်သေတွေ စစ်ဆေးဖို့ ကျန်နေသေးပေမယ့် ကြားဖြတ်အနေနဲ့ နောက်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မသင့်တင်ကို နှစ်ဖက်လုံးက လျှောက်လဲချက်ပေးဖို့ တရားသူကြီးက ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
စွဲချက်လျှောက်လဲချက်ပေးပြီးရင်တော့ နောက်တစ်ဆင့်မှာ စွဲချက်တင်မတင်ကို တရားရုံးက ဆုံးဖြတ်မှာဖြစ်ပြီး ကျန်နေတဲ့ တရားလိုပြသက်သေတွေကို ဆက်လက် စစ်ဆေးဖို့ရှိမရှိကိုတော့ မသိရသေးဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုတွေဟာ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကနေ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်း အသုံးပြုတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုငါးမှုဖြစ်ပါတယ်။
အောက်တိုဘာလ ၁၂ ရက် မနက်ဖြန်မှာလည်း ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို စွဲဆိုထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ဒေါ်လာတွေလက်ခံရယူတယ်ဆိုတဲ့ အဂတိအမှု နှစ်မှုကိုလည်း အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။
မနက်ဖြန် အမိန့်ချမှတ်ပြီးရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတဲ့ ကိစ္စနဲ့ သက်ဆိုင်တဲ့ အဂတိအမှုတွေကိုပဲ ဆက်လက်တရားရင်ဆိုင်ရဖို့ ကျန်ရှိတော့မှာပါ။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ မှုနဲ့ စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရသလို အဲဒီအထဲက ၁၂ မှုအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပါတယ်။
→
评论
More posts
Kevin Jiang, 2025.1.26
Did a secret obsession lead an MIT “genius” to mastermind the murder of a Yale grad student?
2025年1月26日
Kevin Jiang, 2025.1.26
How an MIT graduate student planned a Yale student’s near perfect murder
2025年1月26日
Yuk-Ying Anita MUI, 2025.1.17
Toronto teen charged with manslaughter is 6th person linked to summer disappearance, death of Markham woman: York police
2025年1月20日
Trump mass deportations Immigration,2025.1.16
2025年1月18日
评论