Overseas Chinese History Museum

တံတားဦး လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ် ၁ ဦးနှင့် တပ်သား ၂ ဦး လက်နက် အပြည့်အစုံဖြင့် တပ်ကို စွန့်ခွာမှု ပိုက်စိတ်တိုက်ရှာဖွေနေ၊ စစ်တပ်က ရှာဖွေနေသူများကို လက်ခံထားလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်
ရန်ကုန်၊ အောက်တိုဘာ ၈
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ တံတားဦး လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဗိုလ်အဆင့် ၁ ဦးနှင့် အခြား အဆင့် တပ်သား ၂ ဦး လက်နက်အပြည့် အစုံဖြင့် တပ်ကို စွန့်ခွာ ပျောက်ဆုံးနေသဖြင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများအားလုံးကို စစ်တပ်က ပိုက်စိတ်တိုက်ရှာဖွေလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
အောက်တိုဘာလ ၇ ရက်နေ့တွင် ဗိုလ်နှင့်တပ်သား ၂ ဦး စုစုပေါင်း ၃ ဦး လက် နက်အပြည့်အစုံဖြင့် ပျောက်ဆုံးသွားသဖြင့် စစ်တပ်က တံတားဦးလေ ယာဉ်ကွင်းအနားရှိ ကျေးရွာများကို နေ့အချိန် ဝင်ရောက်ဧည့်စာရင်းစစ်ခြင်း၊ နေအိမ်များနှင့် ကျေးရွာများကို ပိတ်ဆို့ ရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။
“လေယဥ်ကွင်းနားက ရွာတွေ အကုန်ဧည့်စာရင်းစစ်ခံရတယ်။ လက်နက်အပြည့် အစုံနဲ့ သူတို့ ရှာနေတဲ့သူတွေ့ရင် ချက်ချင်းအကြောင်းကြားဖို့နဲ့ လက်ခံထားရင် တစ်ရွာလုံး မီးတိုက်ခံရမယ်ဆို‌ပြီးပြောတယ်။ တံတားဦးမြို့နယ်အနားက ရွာတွေအားလုံးမှာ ကင်းပုန်းဝပ် ပိုက်စိတ်တိုက်ရှာဖွေနေတယ်။ စစ်တပ်တွေ အုပ်စုခွဲပြီး တရွာဝင် တစ်ရွာထွက် ဧည့်စာရင်းစစ် ပိုက်စိတ်တိုက်ရှာဖွေနေတယ်။ အခုထက်ထိတော့ ဖမ်းမိတယ် သတင်းမကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注