Overseas Chinese History Museum

စက်တင်ဘာလအတွင်း စစ်ဘေးဒုက္ခသည် လေးသောင်းကျော် တိုးလာ
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း စစ်ဘေးဒုက္ခသည် ၄၂,၆၀၀ ဦး တိုးလာပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁ ရက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် စက်တင်ဘာလကုန်အထိ စစ်ဘေးဒုက္ခသည် ၁၀၁၇,၀၀၀ ဦးအထိရှိလာတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းက ထုတ်ပြန်တဲ့ UNOCHA ရဲ့အစီရင်ခံစာမှာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ်လ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် သြဂုတ်လကုန်အထိ စစ်ဘေး ဒုက္ခသည် ၉၇၄,၄၀၀ ဦးရှိခဲ့တာပါ။
ဒီအချက်အလက်တွေအရ စက်တင်ဘာလအတွင်း ဒုက္ခသည်လေးသောင်းကျော် တိုးလာ ပါတယ်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ဒုက္ခသည်အရေအတွက် တိုးလာတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့တစ်လအတွင်း အရပ်သား ၁၃,၄၀၀ ထွက်ပြေးရ တယ်လို့ ဖော်ပြထားပါတယ်။
အာဏာမသိမ်းခင်က ရှိခဲ့တဲ့ ဒုက္ခသည်အရေအတွက်နဲ့ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်း စစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ၁ ဒသမ ၃ သန်းကျော်ရှိလာပြီလို့ ကုလ သမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ဖော်ပြပါတယ်။
စစ်ဘေးဒုက္ခသည်တွေတိုးလာပေမယ့် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ အတွက် အကန့်အသတ်တွေရှိနေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注