Overseas Chinese History Museum

သတင်းဌာန၏ အောက်တိုဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
သတင်းဌာန၏ အောက်တိုဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာတွေကို ဆက် တိုက်စစ်ကြောင်း ထိုးနေသလို ၊ ပြည်သူ အယောက် ၁ ထောင်ကျော်လည်း ပိတ်မိနေပြီး စားနပ် ရိက္ခာ ပြတ်တောက် နေတယ်လို့လည်း သိရပါတယ်။ – အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ် BGF – တပ်ရင်း ၁၀၁၄ တပ်ရင်းမှူး ဗိုလ်မောင်ချစ်ဆိုသူဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာအချို့အနီးမှာ မိုင်းတွေ ထောင်တဲ့အပြင် အချို့ကျေးရွာတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ KNU မူတြော်သတင်းစဉ်ကနေ ထုတ်ပြန်ထားပါတယ်။ – မကွေးတိုင်း၊ ကျောမြို့နယ် အတွင်းမှာရှိတဲ့ ကပစ လက်နက်ထုတ်စက်ရုံက ဗိုလ်ကြီးသော်ဇင် နဲ့ တပ်သား စိုးရာဇာအောင်ကို PRA က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဖမ်းဆီးရမိခဲ့ပြီးတဲ့နောက် ၊ သေဆုံးသွား ပြီလို့ ပြည်သူ့တော် လှန်ရေးတပ်မတော် PRA က ကြေညာခဲ့ပေမယ့် လက်ရှိအချိန်အထိ ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။